Logo ImageESSENCEOrganization
Training & Workshops

Upcoming schedule.

Our trainings are open to local partners, community members, and youth fellows. Registration is on a first-come basis — reach out to secure a seat.

  • Education

    📢CALL FOR APPLICATION 2026

    “သင်တန်းသား လူငယ်များ ဖိတ်ခေါ်ခြင်း”

    သင်ဟာ ကျန်းမာရေးကဏ္ဍမှာပါဝင်ပြီး မိမိ မိသားစုနဲ့ ရပ်ရွာလူထုအတွက် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေး အကျိုးပြုလုပ်ငန်းတွေလုပ်ဆောင်ချင်ပါသလား။

    ဒါဆိုရင်တော့ ကျွန်တော်တို့ ESSENCE Organization ကနေ သင်ကြားပေးမယ့် Community Healthcare Worker (လူထုအခြေပြု ကျန်းမာရေးလုပ်သား) နဲ့ Nursing Assistant (သူနာပြုအကူ) သင်တန်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

    ဘာတွေသင်ကြားရမှာလဲ။
    Basic Science for healthcare services
    ICT Skills

    English 4 skills တို့ပဲဖြစ်ပါတယ်။

    ဘာတွေလိုအပ်လဲ။
    Community Healthcare Worker နဲ့ Nursing Assistant အတွက်
    သင်ဟာ အသက် ၁၅ နှစ်ကနေ ၃၀ အတွင်းဖြစ်ရပါမယ်။
    ကျန်းမာရေးကောင်းမွန်ရပါမယ်။
    အနိမ့်ဆုံး ပညာအရည်အချင်း ၈တန်းထိ တက်ရောက်ဖူးရပါမယ်။
    အခြေခံ အင်္ဂလိပ်စာကို ရေးတတ်၊ဖတ်တတ်ရပါမယ်။ (A2 Level)
    သင်တန်းကာလ ၆ လ ပြည့်တဲ့အထိ တက်ရောက်နိုင်ရပါမယ်။

    လက်တွေ့ဆင်းရမယ့်ကာလမှာ သက်ဆိုင်ရာ လုပ်ငန်းခွင်ကို လာရောက်ကွင်းဆင်းနိုင်ရပါမယ်။

    ICT Skills နဲ့ English 4 Skills သင်တန်းတွေအတွက်ကတော့
    သင်ဟာ အသက် ၁၅ နှစ်ကနေ ၃၀ အတွင်းဖြစ်ရပါမယ်။
    ကျန်းမာရေးကောင်းမွန်ရပါမယ်။
    အနိမ့်ဆုံး ပညာအရည်ချင်း ၈တန်းထိ တက်ရောက်ဖူးရပါမယ်။

    သင်တန်းကာလ ၆ လ ပြည့်တဲ့အထိ တက်ရောက်နိုင်ရပါမယ်။

    ဒီအခွင့်ရေးကနေ ဘာတွေရရှိနိုင်လဲ။
    ဒီသင်တန်းဟာ လုံးဝအခမဲ့အွန်လိုင်းသင်တန်းဖြစ်ပြီး မည်သည့်နေရာ၊ ဒေသကနေမဆို တက်ရောက်လို့ရပါတယ်။
    လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေကို Organization ဘက်ကနေ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။
    လူငယ်တွေ အချင်းချင်းလေ့လာသင်ယူနိုင်ပြီး အားပေးကူညီကြတဲ့ နွေးထွေးတဲ့ learning environment တစ်ခုမှာ ပါဝင်နိုင်ပါမယ်။
    သင်တန်းကို အောင်မြင်စွာ ပြီးဆုံးသူများအတွက် သင်တန်းပြီးဆုံးကြောင်း Certificate ရရှိပါမယ်။

    သင်တန်းပြီးဆုံးသွားပြီးတဲ့အခါ အဖွဲ့အစည်းကနေပြုလုပ်တဲ့ နောက်ထပ်မွမ်းမံသင်တန်းတွေမှာလည်း ဦးစားပေးခေါ်ယူခြင်း ခံရပါမယ်။

    အတန်း ၃ ခုစလုံးအတွက် သင်တန်းသားဦးရေ အယောက် ၃၀ သာလက်ခံမှာဖြစ်လို့ အမြန်ဆုံးစားရင်းလာပေးသွင်းဖို့ လိုပါတယ်နော်။
    စာရင်းပေးသွင်းဖို့ ကျွန်တော်တို့ရဲ့ Facebook Page Messenger သို့မဟုတ် contact@essenceinfo.org ကို အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၆နာရီ နောက်ဆုံးထားပြီး ပေးပို့လျှောက်ထားနိုင်ပါတယ်။

    181 day(s) · 18 available · 12 occupied
    November 1, 2026 - April 30, 2027
    9:00 AM - 12:00 AM
    Online Training
Custom training

Bring a workshop to your community.

We regularly deliver tailored trainings for village committees, partner NGOs, and schools across Eastern Shan State. Tell us about your group and what you'd like to learn — we'll design a session around it.

Request a training
Logo ImageESSENCE Organization

Eastern Shan State Empowerment Network for Community Engagement. Think deeply. Learn fast. Stay human.

Explore
Reach us
  • Eastern Shan State, Myanmar
  • contact@essenceinfo.org
© 2026 ESSENCE Organization. All rights reserved.